ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ ညှိနှိုင်းအစည်းအဝေး

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည် ၁:၀၀ နာရီတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊  နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊  မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) အမှုဆောင် ဒါရိုက်တာ ဦးမင်းရဲပိုင်ဟိန်းနှင့် နည်းပညာ အကြံပေး အဖွဲ့ဝင်များ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊…

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပညာသင်ဆုပေးရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၆၁၂ သန်း အကူအညီပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့          နံနက် ၉:၀၀  နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပညာသင်ဆုပေးရေး စီမံချက် အတွက် ဂျပန်ယန်း(၆၁၂)သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို…

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသို့ အီတလီနိုင်ငံ AICS အဖွဲ့မှ IT ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသို့ အီတလီနိုင်ငံ AICS အဖွဲ့မှ IT ဆက်စပ် ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး၊ အီတလီနိုင်ငံသံအမတ်ကြီး H.E. Alessandra Schiavo၊ အီတလီနိုင်ငံ AICS အဖွဲ့မှ Ms. Anna Dal Maso၊ KMD နှင့် NetSmart ကုမ္ပဏီတာဝန်ခံများ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးနှင့် အီတလီနိုင်ငံသံအမတ်ကြီး H.E. Alessandra Schiavo…

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က JBIC မှ DG ဖြစ်သူ Mr. Fumio Suzuki ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်အား ဂျပန်နိုင်ငံ၊ Japan Bank for International Cooperation (JBIC), New Energy and Power Finance Department II မှ Director General ဖြစ်သူ Mr. Fumio Suzuki ဦးဆောင်သော အဖွဲ့မှ Project Promoting Vehicle (PPV) တည်ထောင်ရန်အတွက် ရုံးခန်းဖွင့်လှစ်နိုင်ရေးနှင့် နှစ်ဖက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ၈-၄-၂၀၁၉ ရက်၊ (၁၆း၀၀) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ နေပြည်တော်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၈

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် KOICA မှ Senior Deputy Representative ဖြစ်သူ Mr. KIM Jihoon တို့ တွေ့ဆုံဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Senior Deputy Representative ဖြစ်သူ Mr. KIM Jihoonတို့သည် ၂၂-၂-၂၀၁၉ ရက်၊ နေ့လည် ၁ : ၁၅ နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ၂၀၂၀ ခုနှစ်အတွင်းသက်ဆိုင်ရာဝန်ကြီးဌာနများမှ KOICA အကူ အညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့် ၂၀၂၀ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပမည့် Global Fellowship Program (GFP) များသို့ မြန်မာကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉