မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ(DAP) ပြန်လည်ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများ/ အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင်လ ၉ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ(DAP) ပြန်လည်ပြင်ဆင်ချက် နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ အစည်းအဝေး ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး(၂)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း က DAP(2020) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဒုတိယဝန်ကြီးက ယနေ့ အစည်း အဝေးကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီမူဝါဒ(၂၀၁၈)ကို လက်ရှိအသုံးပြုနေသော နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထား သော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ပြီး ပြင်ဆင် ဖြည့်စွက်ကာ DAP (2020)…

My Governance စီမံချက်၏ ပဉ္စမအကြိမ် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

(၁၂-၆-၂၀၂၀) (၁၂-၆-၂၀၂၀)           အီးယူ၏ အထောက်အပံ့ဖြင့် GOPA Worldwide Consultant အဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Institutional Strengthening and Policy Dialogue Support (My Governance) စီမံချက်၏ ပဉ္စမအကြိမ် စီမံချက်ဦးဆောင်ကော်မတီအစည်း အဝေးကို ၁၂-၆-၂၀၂၀ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၄း၃၀ နာရီအထိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်၌ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို My Governance စီမံချက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဉီးသန်းအောင်ကျော်နှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် Mr. Pedro Campo Llopis၊…

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အကြိမ် (၃၀) မြောက်အစည်းအဝေးကို Video Conference ဖြင့်ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် မေလ ၂၀ ရက်၊ နေပြည်တော် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်၊ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် Video Conferencing ဖြင့် အသီးသီးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး Facilitator အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ…

အာဆီယံ- အာရှ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်အဆင့်မြင့် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို Video Conferencing ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် မေလ ၁၉ရက်၊ နေပြည်တော် အာဆီယံ- အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်(ESCAP) အဆင့်မြင့် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ မေလ ၁၉ရက်နေ့၊ မြန်မာစံတော်ချိန် ၉:၃၀ နာရီမှ ၁၂:oo နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် Building a Resilient ASEAN Economic Community in the Aftermath of Covid-19 ခေါင်းစဉ်ဖြင့် အာဆီယံဒေသတွင် Covid-19 အပြီး ကြံ့ကြံ့ခံနိုင် စွမ်းရှိ သော အာဆီယံစီးပွားရေးအသိုက်အဝန်း တည်ဆောက်ရန်အတွက် အထောက်အပံ့ဖြစ်စေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပြုချက်များ ၊ အာဆီယံဒေသ၌ ကမ္ဘာ့တန်ဖိုးမြင့် ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်မှုအားကောင်းစေရေးနှင့် အာဆီယံဒေသအတွင်း လျင်မြန် သော…

(၂/၅၁) ကြိမ်မြောက် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများကို Video Conferencing ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ ရက်၊ နေပြည်တော် (၂/၅၁) ကြိမ်မြောက် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇- ၂၈ ရက်နေ့တို့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ (၂/၅၁) ကြိမ်မြောက် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးနှင့်အတူ အာဆီယံ-တရုတ် ၊ အာဆီယံ-ဂျပန် ၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ အပေါင်းသုံး ၊ အာဆီယံ-ကနေဒါ အဆင့်မြင့်အရာရှိများ အစည်းအဝေး ၊ စုစုပေါင်း အစည်း အဝေး(၆) ခုကို ကျင်းပသည်။ အစည်းအဝေးများတွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်မှု ကိစ္စရပ်များ၊ အာဆီယံနှင့် တရုတ် ၊ ဂျပန်နှင့်…

(၂၉) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို Video Conference ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်၊ နေပြည်တော် (၂၉) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး Facilitator အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေး…

(၂၉) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို Video Conference ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်၊ နေပြည်တော် (၂၉) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး Facilitator အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေး…

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(COVID-19) နှင့်စပ်လျဉ်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန် အချက် အလက်များနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျန်းမာရေးအသိပညာပေးဟော ပြောပွဲကို ကျင်းပခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း အဆိုပါဆွေးနွေးဟောပြောပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ရုံးအမှတ်(၁)တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင်က ရောဂါစတင်ဖြစ်ပွားသည့်နေရာအကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် လက်ရှိရောဂါ ကူးစက်မှုအခြေအနေအကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများအကြောင်း၊ မည်သို့ ရောဂါကူးစက်ပြန့်ပွားနိုင်ကြောင်း၊ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သော ပညာပေး ဗဟုသုတများကိုလည်း‌ ဆွေးနွေး…

ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Agence Francaise de Developpement (AFD) နှင့် မြန်မာနိုင်ငံအကြား နှစ်စဉ်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကျင်းပ

ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Agence Francaise de Developpement (AFD) နှင့် မြန်မာနိုင်ငံအကြား နှစ်စဉ်ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy တို့က ဦးဆောင်၍  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက် နေ့တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Myanmar Priorities for Development Assistance (DA) and DA Procedures ကိုလည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာနက The Role of Project Bank ကိုလည်းကောင်း၊…

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာနိုင်ငံဆိုင်ရာ Country Director ၊ Mr. Newin Sinsiri အား လက်ခံတွေ့ဆုံ

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ၊ Mr. Newin Sinsiri အား ယနေ့နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ/အထောက်အပံ့နှင့်ဆောင်ရွက်နေသည့် မန္တလေး မြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Mandalay Urban Service Improvement Project-MUSIP)နှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံသို့ ADB မှ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပေးအပ်မည့် အကူအညီအထောက်အပံ့ အစီအစဉ်များနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း…