ပထမအကြိမ် Video Conferencing ဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် ၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Australian Aid နှင့် အာဆီယံ နှင့်အ‌ရှေ့အာရှစီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia- ERIA) တို့ပူးပေါင်း၍ COVID-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေးအတွက် မူဝါဒရေးရာ၊ ကုန်သွယ်ရေးနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့ နှင့်စပ်လျဉ်းသည့်   စွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် Video Conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် သည်။ အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာန…

Video Conference စနစ်ဖြင့် ကျင်းပသည့် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၇၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာနိုင်ငံ ပါဝင်တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်၊ နေပြည်တော် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ (၇၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို Video Conference စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် နံနက် ၈: ၃၀ နာရီမှ ညနေ ၄: ၀၀ နာရီ (ဗန်ကောက်စံတော်ချိန် နံနက် ၉: ၀၀ နာရီမှ ညနေ ၄: ၃၀ နာရီ အထိ) ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Md Nazmul Quaunine က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍…

(၂၉) ကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို Video Conference ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်၊ နေပြည်တော် (၂၉) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး Facilitator အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကုန်သွယ်ရေး…

မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့

(၅–၃–၂၀၂၀၊ နေပြည်တော်) မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ဦးသန်းအောင်ကျော် နှင့် ရန်ကုန်မြို့ရှိ  ဆွစ်ဇာလန်သံရုံးမှ Minister, Deputy Head of Mission/Head of Cooperation ဖြစ်သူ Mr. Giacomo Solari တို့မှ ပူးတွဲသဘာပတိများ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ် (2019-2023) New Swiss Cooperation Programme (2019-2023) နှင့် စပ်လျဉ်း၍…

နိုင်ငံခြားအကူအညီ၊ အထောက်အပံ့ ၊ နည်းပညာနှင့် ချေးငွေစီမံချက် စာရင်းများ ပြည့်စုံမှန်ကန်စွာ ရရှိရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပခြင်း

နိုင်ငံခြားအကူအညီ၊ အထောက်အပံ့၊ နည်းပညာ အကူအညီနှင့် ချေးငွေေစီမံချက် စာရင်း များ ပြည့်စုံမှန်ကန်စွာ ရရှိရေး၊ အရည်အသွေးရှိသော ကိန်းဂဏန်းများဖြစ်စေရေးနှင့် ထိရောက် မှုရှိသော ဖော်ပြချက်များ ဖြစ်စေရေး ရည်ရွယ်ချက်များနှင့် နိုင်ငံခြားအကူအညီ၊ အထောက်အပံ့၊ နည်းပညာ အကူအညီနှင့် ချေးငွေရယူကာ စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများ/ ဗဟိုအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ (၁၅) ရက်ကြာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟို အဖွဲ့အစည်းများမှ နိုင်ငံခြားအကူအညီ၊ အထောက်အပံ့၊ နည်းပညာ အကူအညီနှင့် ချေးငွေ စာရင်းအချက်အလက်များကို…

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) လုပ်ငန်းအဆင့် အစည်းအဝေး (၃/၂၀၂၀)ကျင်းပပြုလုပ်ခြင်း

ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) လုပ်ငန်းအဆင့် အစည်းအဝေး (၃/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ ၁၃:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) သို့ နိုင်ငံတော်သမ္မတ ရုံးမှ လွှဲပြောင်းပေးပို့လာသည့် အမှာစာများ၊ စီးပွားရေးရာကော်မတီမှ သဘောထားမှတ်ချက် တောင်းခံ လာသည့် အမှာစာများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာသည့် အမှာစာများအပေါ် စိစစ် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒပါ လုပ်ငန်းစဉ်များ ပြင်ဆင်ဖြည့်စွက်နိုင် ရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယဝန်ကြီး…

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ကျင်းပပြုလုပ်သည့် မဲခေါင်သိပ္ပံအုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေး (၂/၂၀၁၉) သို့ တက်ရောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နှင့် ၁၈ ရက်တို့၌ ကျင်းပ ပြုလုပ်သည့် မဲခေါင်သိပ္ပံအုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေးများဖြစ်ကြသည့် မဲခေါင်သိပ္ပံ ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၁၉) နှင့် မဲခေါင်သိပ္ပံကောင်စီ အစည်းအဝေး (၂/၂၀၁၉) တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ ၂၀၁၉ ခုနှစ် ဒုတိယ (၆) လပတ်အတွင်း မဲခေါင်သိပ္ပံ၏ လုပ်ငန်းဆောင်ရွက်ချက် များ၊ စီမံကိန်းအကောင်အထည်ဖော်မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ၂၀၂၀ ပြည့်နှစ်တွင် မဲခေါင်သိပ္ပံ၏ ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေနှင့်  စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်သိပ္ပံ၏ မဟာဗျူဟာ စီမံချက်…

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစဉ် (၂၀၁၈-၂၀၂၂) ဆိုင်ရာ နားလည်မှုစာလွှာ (Letter of Understanding- LoU) လက်မှတ်ရေးထိုးပွဲ ကျင်းပခြင်း။

နေပြည်တော် ဒီဇင်ဘာလ (၁၃) ရက် ။   ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် နားလည်မှုစာလွှာ (Letter of Understanding – LoU) လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (သောကြာနေ့) မွန်းလွဲ ၀၂:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ နားလည်မှုစာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် WFP Country Director and Resident Representative ဖြစ်သူ Mr. Stephen Anderson…

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ Mr. Walter Zucconi တို့ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း

၁။      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ  Mr. Walter Zucconi တို့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ၊ နံနက် (၁၁:၃၀) နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ၂။       ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ (2nd Development Effectiveness Roundtable) တွင် AICS မှ ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးမြှင့်စေရန်အတွက် အင်္ဂလိပ်စာသင်တန်းများ…

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) (၁၅ / ၂၀၁၉) အစည်းအဝေး ကျင်းပ

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ (၁၅ / ၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်၊ နံနက် (၉) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများမှ နိုင်ငံခြားအကူအညီ အထောက် အပံ့/ချေးငွေတို့ဖြင့်…