ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၁/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ   videoconference ဖြင့် ကျင်းပ သည့် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၁/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများက ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ စီးပွား ရေးဆိုင်ရာဦးစားပေးအစီအစဉ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ နှစ်အလိုက် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ အောက်ရှိ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ၏ တင်ပြချက်များ၊ အာဆီယံနှင့် ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်မှုအခြေအနေများ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ တီမောလက်စ်တေ နိုင်ငံ၏…