ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၁/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ   videoconference ဖြင့် ကျင်းပ သည့် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၁/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများက ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ စီးပွား ရေးဆိုင်ရာဦးစားပေးအစီအစဉ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ နှစ်အလိုက် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ အောက်ရှိ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ၏ တင်ပြချက်များ၊ အာဆီယံနှင့် ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသများ အကောင်အထည်ဖော်မှုအခြေအနေများ၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ တီမောလက်စ်တေ နိုင်ငံ၏…

(၂၀) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ဗီယက်နမ်အဆင့်မြင့်စီးပွားရေး အရာရှိများ အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၅ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံက video conference ဖြင့် ဦးဆောင် ကျင်းပသော (၂၀) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေးအရာရှိ ဦးသန်းအောင်ကျော်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ်(၂၀၁၉-၂၀၂၀) နှင့် (၂၀၂၁-၂၀၂၂) တို့၏ အကောင်အထည်ဖော်မှုအခြေအနေများ၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲရန် ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြပါသည်။ အဆင့်မြင့်စီးပွားရေးအရာရှိများက COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်စည်ပြပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို…