နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ/အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သည့် Tripartite Portfolio Review Mission အစည်းအဝေးကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၂   အာရှဖွံ့ဖြိုးရေးဘဏ်၏ သက်သာသောချေးငွေ/အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည့် Tripartite Portfolio Review Mission အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ Video Conference စနစ်ဖြင့်ကျင်းပခဲ့ပြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director ဖြစ်သူ Mr. Newin Sinsiri တို့က အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အတွင်းဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တိုးတက်မှုအခြေ အနေ၊  ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ Financial Management နှင့်…

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် အစိုးရ−ပုဂ္ဂလိက ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၃ ရက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေး ဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တို့ပူးပေါင်း၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အစိုးရ−ပုဂ္ဂလိက ဆွေးနွေးပွဲကို Video conferencing စနစ်ဖြင့် ယနေ့နံနက် ၁၀:၀၀ နာရီတွင် စတင်ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့်  ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်နှင့် ဒေါက်တာမောင်မောင်လေး၊ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်း နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများက ကိုယ်စားလှယ်များ၊ ပြည်နယ်/တိုင်း ဒေသကြီးများရှိ ကုန်သည်များနှင့်…