နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ/အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သည့် Tripartite Portfolio Review Mission အစည်းအဝေးကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၂   အာရှဖွံ့ဖြိုးရေးဘဏ်၏ သက်သာသောချေးငွေ/အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည့် Tripartite Portfolio Review Mission အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ Video Conference စနစ်ဖြင့်ကျင်းပခဲ့ပြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director ဖြစ်သူ Mr. Newin Sinsiri တို့က အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အတွင်းဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တိုးတက်မှုအခြေ အနေ၊  ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ Financial Management နှင့်…

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် အစိုးရ−ပုဂ္ဂလိက ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၃ ရက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေး ဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တို့ပူးပေါင်း၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် အစိုးရ−ပုဂ္ဂလိက ဆွေးနွေးပွဲကို Video conferencing စနစ်ဖြင့် ယနေ့နံနက် ၁၀:၀၀ နာရီတွင် စတင်ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့်  ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်နှင့် ဒေါက်တာမောင်မောင်လေး၊ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်း နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများက ကိုယ်စားလှယ်များ၊ ပြည်နယ်/တိုင်း ဒေသကြီးများရှိ ကုန်သည်များနှင့်…

ဂျပန်နိုင်ငံအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် ၂ ခုအတွက် Exchange of Notes လက်မှတ်ရေးထိုးပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်၊ နေပြည်တော် ဂျပန်နိုင်ငံအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)  တို့က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် ၂ ခု အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ UNICEF နှင့် WFP တို့အကြား Exchange of Notes (EoNs)                 လက်မှတ်ရေးထိုးပွဲကို ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအကူအညီများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများအား…

မြန်မာ-UNICEF ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် ကာလလတ်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြား

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ နေပြည်တော် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ ဦးဆောင်၍ မြန်မာ-UNICEF ပူးပေါင်း ဆောင်ရွက်မှုနိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် ကာလလတ်ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးကို  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် နံနက် ၉:၀၀ နာရီမှ ၁၁:၃၀ နာရီအထိ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ UNICEF East Asia & Pacific Regional Office မှ Deputy Regional Director ဖြစ်သူ Mr. Marcoluigi Corsi…