ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) ဆိုင်ရာ Annual Review Meeting ကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်၊ နေပြည်တော်           UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် Annual Review Meeting ကို Virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် နံနက် ၈:၃၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊…