ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) ဆိုင်ရာ Annual Review Meeting ကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်၊ နေပြည်တော်           UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် Annual Review Meeting ကို Virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် နံနက် ၈:၃၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Ramanathan Balakrishnan တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊…

အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ၏ Mission Director အားနိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Video Conferencing စနစ်ဖြင့်လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၂၄ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသန်းအောင်ကျော်သည်အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ရုံး၏ Mission Directorဖြစ်သူMs. Aler Grubbsဦးဆောင်သည့်အဖွဲ့အားယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်ကမြန်မာနိုင်ငံ၏မကြာသေးမီကထုတ်ပြန်ခဲ့သည့်Myanmar Development Assistance Policy (2020)နှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး အစီအစဉ်အောက်မှASEAN Single Window နှင့် ASEAN-Wide Self Certificatation Scheme တို့ အကောင်အထည်ဖော်ရာတွင် USAID မှနည်းပညာအကူအညီပေးအပ်နေမှုအခြေအနေများနှင့်မြန်မာနိုင်ငံ၏ဒီမိုကရေစီရေး၊လူ့အခွင့်အရေးနှင့်အုပ်ချုပ်မှု၊စီးပွားရေးတိုးတက်မှုနှင့် စိုက်ပျိုးရေးနှင့်ကမ္ဘာ့ကျန်းမာရေးကဏ္ဍများတွင်USAID နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ (၂၀၂၀) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အစိုးရအရာရှိများ၊USAID ရုံးမှတာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာ-ဩစတြေးလျ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာလ ၂၀ ရက် မြန်မာနိုင်ငံနှင့် ဩစတြေးလျနိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို Video Conference စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ ၀၉:၃၀ နာရီချိန်မှ ၁၃:၂၀ နာရီချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဩစတြေးလျနိုင်ငံ၊ Department of Foreign Affairs and Trade, Southeast Asia Division ၏ Acting First Assistant Secretary ဖြစ်သူ Ms. Lynda Worthaisong တို့က ဦးဆောင်၍ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအား ပုံမှန်အားဖြင့် ၂…