ပထမအကြိမ် Video Conferencing ဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် ၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Australian Aid နှင့် အာဆီယံ နှင့်အ‌ရှေ့အာရှစီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia- ERIA) တို့ပူးပေါင်း၍ COVID-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေးအတွက် မူဝါဒရေးရာ၊ ကုန်သွယ်ရေးနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့ နှင့်စပ်လျဉ်းသည့်   စွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် Video Conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် သည်။ အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာန…