Video Conference စနစ်ဖြင့် ကျင်းပသည့် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၇၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ မြန်မာနိုင်ငံ ပါဝင်တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်၊ နေပြည်တော် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ (၇၆) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို Video Conference စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် နံနက် ၈: ၃၀ နာရီမှ ညနေ ၄: ၀၀ နာရီ (ဗန်ကောက်စံတော်ချိန် နံနက် ၉: ၀၀ နာရီမှ ညနေ ၄: ၃၀ နာရီ အထိ) ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Mr. Md Nazmul Quaunine က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍…