ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အကြိမ် (၃၀) မြောက်အစည်းအဝေးကို Video Conference ဖြင့်ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် မေလ ၂၀ ရက်၊ နေပြည်တော် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်၊ ၁၈ ရက်နှင့် ၂၀ ရက်တို့တွင် Video Conferencing ဖြင့် အသီးသီးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး Facilitator အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ…