အာဆီယံ- အာရှ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်အဆင့်မြင့် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို Video Conferencing ဖြင့် ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် မေလ ၁၉ရက်၊ နေပြည်တော် အာဆီယံ- အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်(ESCAP) အဆင့်မြင့် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ မေလ ၁၉ရက်နေ့၊ မြန်မာစံတော်ချိန် ၉:၃၀ နာရီမှ ၁၂:oo နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် Building a Resilient ASEAN Economic Community in the Aftermath of Covid-19 ခေါင်းစဉ်ဖြင့် အာဆီယံဒေသတွင် Covid-19 အပြီး ကြံ့ကြံ့ခံနိုင် စွမ်းရှိ သော အာဆီယံစီးပွားရေးအသိုက်အဝန်း တည်ဆောက်ရန်အတွက် အထောက်အပံ့ဖြစ်စေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပြုချက်များ ၊ အာဆီယံဒေသ၌ ကမ္ဘာ့တန်ဖိုးမြင့် ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်မှုအားကောင်းစေရေးနှင့် အာဆီယံဒေသအတွင်း လျင်မြန် သော…