မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပခဲ့

(၅–၃–၂၀၂၀၊ နေပြည်တော်) မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ဦးသန်းအောင်ကျော် နှင့် ရန်ကုန်မြို့ရှိ  ဆွစ်ဇာလန်သံရုံးမှ Minister, Deputy Head of Mission/Head of Cooperation ဖြစ်သူ Mr. Giacomo Solari တို့မှ ပူးတွဲသဘာပတိများ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ် (2019-2023) New Swiss Cooperation Programme (2019-2023) နှင့် စပ်လျဉ်း၍…