ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(COVID-19) နှင့်စပ်လျဉ်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန် အချက် အလက်များနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျန်းမာရေးအသိပညာပေးဟော ပြောပွဲကို ကျင်းပခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း အဆိုပါဆွေးနွေးဟောပြောပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ရုံးအမှတ်(၁)တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင်က ရောဂါစတင်ဖြစ်ပွားသည့်နေရာအကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် လက်ရှိရောဂါ ကူးစက်မှုအခြေအနေအကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများအကြောင်း၊ မည်သို့ ရောဂါကူးစက်ပြန့်ပွားနိုင်ကြောင်း၊ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သော ပညာပေး ဗဟုသုတများကိုလည်း‌ ဆွေးနွေး…

ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Agence Francaise de Developpement (AFD) နှင့် မြန်မာနိုင်ငံအကြား နှစ်စဉ်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကျင်းပ

ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ Agence Francaise de Developpement (AFD) နှင့် မြန်မာနိုင်ငံအကြား နှစ်စဉ်ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy တို့က ဦးဆောင်၍  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက် နေ့တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Myanmar Priorities for Development Assistance (DA) and DA Procedures ကိုလည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဉီးစီးဌာနက The Role of Project Bank ကိုလည်းကောင်း၊…