ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်(COVID-19) နှင့်စပ်လျဉ်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) နှင့်စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန် အချက် အလက်များနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သိရှိနိုင်စေရန် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျန်းမာရေးအသိပညာပေးဟော ပြောပွဲကို ကျင်းပခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း အဆိုပါဆွေးနွေးဟောပြောပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ရုံးအမှတ်(၁)တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာကျော်ခိုင်က ရောဂါစတင်ဖြစ်ပွားသည့်နေရာအကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် လက်ရှိရောဂါ ကူးစက်မှုအခြေအနေအကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများအကြောင်း၊ မည်သို့ ရောဂါကူးစက်ပြန့်ပွားနိုင်ကြောင်း၊ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်သက်ဆိုင်သော ပညာပေး ဗဟုသုတများကိုလည်း ဆွေးနွေး…