ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း မျက်နှာစုံညီအစည်းအဝေး(Joint Country Portfolio Review-JCPR Plenary Meeting) ကျင်းပခြင်း

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း မျက်နှာ စုံညီအစည်းအဝေးကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ၁၄:ဝဝ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပခဲ့သည်။ အစည်းအဝေးကို ကမ္ဘာ့ဘဏ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ယင်းအစည်းအဝေးသို့ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့(DACU)အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှကိုယ်စား လှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှကိုယ်စားလှယ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စု…