နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေ/အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သည့် Tripartite Portfolio Review Mission အစည်းအဝေးကို Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ ၂၂ အာရှဖွံ့ဖြိုးရေးဘဏ်၏ သက်သာသောချေးငွေ/အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည့် Tripartite Portfolio Review Mission အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ Video Conference စနစ်ဖြင့်ကျင်းပခဲ့ပြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director ဖြစ်သူ Mr. Newin Sinsiri တို့က အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အတွင်းဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တိုးတက်မှုအခြေ အနေ၊ ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ Financial Management နှင့်…