ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ကျင်းပပြုလုပ်သည့် မဲခေါင်သိပ္ပံအုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေး (၂/၂၀၁၉) သို့ တက်ရောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် နှင့် ၁၈ ရက်တို့၌ ကျင်းပ ပြုလုပ်သည့် မဲခေါင်သိပ္ပံအုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေးများဖြစ်ကြသည့် မဲခေါင်သိပ္ပံ ဦးဆောင်ကော်မတီအစည်းအဝေး (၂/၂၀၁၉) နှင့် မဲခေါင်သိပ္ပံကောင်စီ အစည်းအဝေး (၂/၂၀၁၉) တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ ၂၀၁၉ ခုနှစ် ဒုတိယ (၆) လပတ်အတွင်း မဲခေါင်သိပ္ပံ၏ လုပ်ငန်းဆောင်ရွက်ချက် များ၊ စီမံကိန်းအကောင်အထည်ဖော်မှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ၂၀၂၀ ပြည့်နှစ်တွင် မဲခေါင်သိပ္ပံ၏ ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေနှင့်  စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲခေါင်သိပ္ပံ၏ မဟာဗျူဟာ စီမံချက်…