ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ မဟာဗျူဟာ အစီအစဉ် (၂၀၁၈-၂၀၂၂) ဆိုင်ရာ နားလည်မှုစာလွှာ (Letter of Understanding- LoU) လက်မှတ်ရေးထိုးပွဲ ကျင်းပခြင်း။

နေပြည်တော် ဒီဇင်ဘာလ (၁၃) ရက် ။   ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် နားလည်မှုစာလွှာ (Letter of Understanding – LoU) လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် (သောကြာနေ့) မွန်းလွဲ ၀၂:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ နားလည်မှုစာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် WFP Country Director and Resident Representative ဖြစ်သူ Mr. Stephen Anderson…