ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် နော်ဝေနိုင်ငံအစိုးရတို့အကြား ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သက်တမ်းတိုးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန နှင့် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သက်တမ်းတိုးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပါသည်။ လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့်တာဝန်ရှိသူများ နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ State Secretary, H.E. Ms. Marianne Hagen၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် နော်ဝေသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ သက်တမ်းတိုးနားလည်မှုစာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့် နော်ဝေနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ State…