နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ Mr. Walter Zucconi တို့ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း

၁။      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ  Mr. Walter Zucconi တို့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ၊ နံနက် (၁၁:၃၀) နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ၂။       ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ (2nd Development Effectiveness Roundtable) တွင် AICS မှ ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးမြှင့်စေရန်အတွက် အင်္ဂလိပ်စာသင်တန်းများ…

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) (၁၅ / ၂၀၁၉) အစည်းအဝေး ကျင်းပ

ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ (၁၅ / ၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်၊ နံနက် (၉) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများမှ နိုင်ငံခြားအကူအညီ အထောက် အပံ့/ချေးငွေတို့ဖြင့်…