မြန်မာ-UNICEF ပူးပေါင်းဆောင်ရွက်မှုနိုင်ငံဆိုင်ရာ အစီအစဉ်(၂၀၁၈-၂၀၂၂) အကောင်အထည်ဖော်မှု နှစ်ပတ်လည်ပြန်လည်သုံးသပ်ခြင်းနှင့် စီမံကိန်းသစ်အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အစည်း အဝေးကျင်းပ

၂၅-၁၀-၂၀၁၉၊ နေပြည်တော် မြန်မာ – UNICEF ပူးပေါင်းဆောင်ရွက်မှုနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈–၂၀၂၂) အရ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Multi-Year Work Plan (2018-2019) အား နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်းနှင့် Multi-Year Work Plan (2020-2021) အတွက် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNICEF Deputy Representative Mr. Paul Edwards တို့က အမှာစကားများ ပြောကြားခဲ့သည်။ အစည်းအဝေး သို့တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များ၊ စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်…