နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ Mr. Walter Zucconi တို့ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း
၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် အီတလီနိုင်ငံ AICS ၏ Country Director ဖြစ်သူ Mr. Walter Zucconi တို့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ၊ နံနက် (၁၁:၃၀) နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ၂။ ယင်းသို့တွေ့ဆုံရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးပွဲ (2nd Development Effectiveness Roundtable) တွင် AICS မှ ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးမြှင့်စေရန်အတွက် အင်္ဂလိပ်စာသင်တန်းများ…