ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DEVELOPMENT ASSISTANCE COORDINATION UNIT – DACU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

( ၂၅ – ၉ – ၂၀၁၉ ) ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ (၁၃ / ၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်၊ နေ့လည် (၁) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ…