ပြည်ပ အကူအညီ၊ အထောက်အပံ့၊ ချေးငွေ စီမံချက် အစီရင်ခံစာများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

(၂၄–၉–၂၀၁၉) ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများမှ  အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ပြည်ပ  အကူအညီ၊ အထောက်အပံ့၊ နည်းပညာ နှင့် ချေးငွေ စီမံချက်များ အတွက် ပေးပို့ရမည့် အစီရင်ခံစာများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၄-၉-၂၀၁၉ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်ပ အကူအညီ၊ ချေးငွေစီမံချက်များနှင့် စပ်လျဉ်း၍ စီမံချက်များ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စီမံချက်များ အပေါ် Monitoring & Evaluation ဆောင်ရွက်ရမည့် အစီအစဉ်များ၊ အစီရင်ခံစာ ပေးပို့ရာတွင် အသုံးပြုရမည့် Template ပုံစံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။…