နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန နှင့် ဂျာမနီနိုင်ငံအခြေစိုက် GOPA အတိုင်ပင်ခံအဖွဲ့တို့ အကြား ပြင်ဆင်ချက်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဉီးစီးဌာနနှင့် ဂျာမနီနိုင်ငံအခြေစိုက် GOPA အတိုင်ပင်ခံအဖွဲ့တို့အကြား ပြင်ဆင်ချက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၅: ၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်း အဝေးခန်းမ၌ ကျင်းပကြသည်။ အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်၊ GOPA အတိုင်ပင်ခံအဖွဲ့မှ  Project Manager ဖြစ်သူ  Ms. Marina Eichhorn၊ Team Leader ဖြစ်သူ Dr. Stefan Hell နှင့် GOPA အတိုင်ပင်ခံအဖွဲ့ရုံးမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။…