အေအီးစီ၂၀၂၅အကောင်အထည်ဖော်မှုအတွက်အကဲဖြတ်လေ့လာခြင်းပြုလုပ်မည့် Country Visit နှင့်စပ်လျဉ်း၍အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ၁၈-၉-၂၀၁၉ ရက်နေ့   အေအီးစီ၂၀၂၅အကောင်အထည်ဖော်မှုအတွက်အကဲဖြတ်လေ့လာဆန်းစစ်ခြင်းပြုလုပ်မည့်Country Visit နှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ(၁၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်  ဝန်ကြီးဌာန၊ ရုံးအမှတ်(၁)နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဉီးသန်းအောင်ကျော်က အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှ ဦးဆောင်၍ Country Visit လာရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူ ဌာနဆိုင်ရာများမှ ဘာသာရပ်တာဝန်ခံများက မိမိဌာနအလိုက် ပြင်ဆင်ထားမှုများကို ဆွေးနွေးကြခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊…