ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DEVELOPMENT ASSISTANCE COORDINATION UNIT – DACU) ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

( ၂၅ – ၉ – ၂၀၁၉ ) ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ (၁၃ / ၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်၊ နေ့လည် (၁) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ…

ပြည်ပ အကူအညီ၊ အထောက်အပံ့၊ ချေးငွေ စီမံချက် အစီရင်ခံစာများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

(၂၄–၉–၂၀၁၉) ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများမှ  အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ပြည်ပ  အကူအညီ၊ အထောက်အပံ့၊ နည်းပညာ နှင့် ချေးငွေ စီမံချက်များ အတွက် ပေးပို့ရမည့် အစီရင်ခံစာများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၄-၉-၂၀၁၉ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်ပ အကူအညီ၊ ချေးငွေစီမံချက်များနှင့် စပ်လျဉ်း၍ စီမံချက်များ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စီမံချက်များ အပေါ် Monitoring & Evaluation ဆောင်ရွက်ရမည့် အစီအစဉ်များ၊ အစီရင်ခံစာ ပေးပို့ရာတွင် အသုံးပြုရမည့် Template ပုံစံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။…

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန နှင့် ဂျာမနီနိုင်ငံအခြေစိုက် GOPA အတိုင်ပင်ခံအဖွဲ့တို့ အကြား ပြင်ဆင်ချက်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၈ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဉီးစီးဌာနနှင့် ဂျာမနီနိုင်ငံအခြေစိုက် GOPA အတိုင်ပင်ခံအဖွဲ့တို့အကြား ပြင်ဆင်ချက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၅: ၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်း အဝေးခန်းမ၌ ကျင်းပကြသည်။ အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်၊ GOPA အတိုင်ပင်ခံအဖွဲ့မှ  Project Manager ဖြစ်သူ  Ms. Marina Eichhorn၊ Team Leader ဖြစ်သူ Dr. Stefan Hell နှင့် GOPA အတိုင်ပင်ခံအဖွဲ့ရုံးမှ တာဝန်ရှိသူ များ၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။…

အေအီးစီ၂၀၂၅အကောင်အထည်ဖော်မှုအတွက်အကဲဖြတ်လေ့လာခြင်းပြုလုပ်မည့် Country Visit နှင့်စပ်လျဉ်း၍အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ၁၈-၉-၂၀၁၉ ရက်နေ့   အေအီးစီ၂၀၂၅အကောင်အထည်ဖော်မှုအတွက်အကဲဖြတ်လေ့လာဆန်းစစ်ခြင်းပြုလုပ်မည့်Country Visit နှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ(၁၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်  ဝန်ကြီးဌာန၊ ရုံးအမှတ်(၁)နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဉီးသန်းအောင်ကျော်က အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှ ဦးဆောင်၍ Country Visit လာရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသူ ဌာနဆိုင်ရာများမှ ဘာသာရပ်တာဝန်ခံများက မိမိဌာနအလိုက် ပြင်ဆင်ထားမှုများကို ဆွေးနွေးကြခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊…

မကြာမီကာလတွင်ဖြစ်ပေါ်လာမည့်ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်မှုဒေသနှင့် မြန်မာနိုင်ငံအတွက်အခွင့်အလမ်းများ

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့  အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး စနစ်တကျ ရေးဆွဲထားတဲ့ ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေနဲ့အညီ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့တန်းတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ ပါဝင်တဲ့ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA) ကို ၂၀၁၈ ခုနှစ်မှာ ထူထောင်ခဲ့သလို ဆွေးနွေးဖက်နိုင်ငံ  (၆) နိုင်ငံဖြစ်တဲ့  တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့နဲ့လည်း ASEAN+1 လို့ခေါ်ဆိုနေကြတဲ့ အာဆီယံနဲ့ အပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၅) ခု ကို ထူထောင်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ ဟာလည်း အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ်။ ဒီ ASEAN+1 လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ နိုင်ငံတွေနဲ့ စီးပွားရေး…

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် စပ်လျည်း၍ လက်ရှိညှိနှိုင်း ဆောင်ရွက်နေမှုများ ကို လွှတ်တော်ကိုယ်စားလှယ်များအားရှင်းလင်းဆွေးနွေး

၂၀၁၉ခုနှစ် စက်တင်ဘာလ၁၃ရက် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက်ရှိသော လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ထား သောနိုင်ငံများနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြသည့် အစီအစဉ်ကို၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့၊၁၃:၀၀နာရီတွင် Learning Centre Room (1)၊ ဇမ္ဗူသီရိဆောင်၊ လွှတ်တော်ဝင်း၌ ပြုလုပ်ခဲ့သည်။ ရှင်းလင်းတင်ပြသည့် အစီအစဉ်သို့ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများမှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးများတွင် ပါဝင်ဆွေးနွေးလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များစုစုပေါင်း (၆၃)ဦးခန့် တက်ရောက် ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက လွတ်လပ်သောကုန်သွယ်မှုဒေသများအကြောင်း၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် လွတ်လပ်သောကုန်သွယ်မှုဒေသများ ချိတ်ဆက်ဆောင်ရွက်မှု အကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဒေသများ၏ ကောင်းကျိုးဆိုးကျိုးများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားကုန်သွယ်မှုနှင့်…