ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(Development Assistance Coordination Unit – DACU) လုပ်ငန်းအဆင့် အစည်းအဝေး (၉/၂၀၁၉) ကျင်းပ

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက် ,နေပြည်တော်   ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) လုပ်ငန်းအဆင့် အစည်းအဝေး (၉/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊  ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊  မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) အမှုဆောင်ဒါရိုက်တာ ဦးမင်းရဲပိုင်ဟိန်းနှင့်…