အောင်ဆန်းမြို့၌ ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၂.၇၂၆ ဘီလီယံ အကူအညီပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် ဇွန် ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက်  ၀၉:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အောင်ဆန်းမြို့၌ ဂျပန်–မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေး စီမံချက်အတွက် ဂျပန်ယန်း ၂.၇၂၆…