ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework နှင့်စပ်လျဉ်းသည့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက် နေပြည်တော်   ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework(CPF) ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် Kempinski ဟိုတယ်၊ နေပြည်တော်၍ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU) အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ကိုယ်စားလှယ်များပါဝင် တက်ရောက် ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဖွံ့ဖြိုးမှုအကူ အညီများ ညှိနှိုင်းရေးအဖွဲ့(DACU) အတွင်းရေးမှူး ဦးဆက်အောင်မှ အဖွင့်အမှာစကား ပြော ကြားခဲ့သည်။ ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Director ဖြစ်သူ Ms. Ellen Goldstein နှင့်…