ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework 2020-2024 နှင့်စပ်လျဉ်းသည့်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework-CPF 2020-2024 ရေးဆွဲရေး နှင့် စပ်လျဉ်းသည့်အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) အဖွဲ့ဝင်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  မြန်မာ့ ဖွံ့ဖြိုးမှု အဖွဲ့အစည်း(MDI)နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြ သည်။ ကမ္ဘာ့ဘဏ်အဖွဲ့  Head of Office ဖြစ်သူ Mr. GevorgSargsyanမှ Country Partnership Framework-CPF 2020-2024 ရေးဆွဲရန် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး…