Validation Meeting of Regulatory Management System ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ၁၃-၆-၂၀၁၉ရက်နေ့   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနနှင့် အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသန (အီးအာရ်အိုင်အေ) တို့ ပူးပေါင်း၍ ပြုလုပ်သည့် Validation Meeting of Regulatory Management System ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ အီးအာရ်အိုင်အေမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံမှ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး၊ စက်မှုဝန်ကြီး ဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊…