အောင်ဆန်းမြို့၌ ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေးစီမံချက်အတွက် ဂျပန်နိုင်ငံမှ ယန်း ၂.၇၂၆ ဘီလီယံ အကူအညီပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော် ဇွန် ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက်  ၀၉:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အောင်ဆန်းမြို့၌ ဂျပန်–မြန်မာ သက်မွေးပညာသင်တန်းကျောင်း တည်ထောင်ရေး စီမံချက်အတွက် ဂျပန်ယန်း ၂.၇၂၆…

ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework နှင့်စပ်လျဉ်းသည့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက် နေပြည်တော်   ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework(CPF) ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် Kempinski ဟိုတယ်၊ နေပြည်တော်၍ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့(DACU) အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ကိုယ်စားလှယ်များပါဝင် တက်ရောက် ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဖွံ့ဖြိုးမှုအကူ အညီများ ညှိနှိုင်းရေးအဖွဲ့(DACU) အတွင်းရေးမှူး ဦးဆက်အောင်မှ အဖွင့်အမှာစကား ပြော ကြားခဲ့သည်။ ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Director ဖြစ်သူ Ms. Ellen Goldstein နှင့်…

ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework 2020-2024 နှင့်စပ်လျဉ်းသည့်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ကမ္ဘာ့ဘဏ်အဖွဲ့၏ Country Partnership Framework-CPF 2020-2024 ရေးဆွဲရေး နှင့် စပ်လျဉ်းသည့်အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) အဖွဲ့ဝင်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  မြန်မာ့ ဖွံ့ဖြိုးမှု အဖွဲ့အစည်း(MDI)နှင့် ကမ္ဘာ့ဘဏ်အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြ သည်။ ကမ္ဘာ့ဘဏ်အဖွဲ့  Head of Office ဖြစ်သူ Mr. GevorgSargsyanမှ Country Partnership Framework-CPF 2020-2024 ရေးဆွဲရန် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး…

Validation Meeting of Regulatory Management System ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ၁၃-၆-၂၀၁၉ရက်နေ့   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာနနှင့် အာဆီယံနှင့် အရှေ့အာရှစီးပွားရေး သုတေသန (အီးအာရ်အိုင်အေ) တို့ ပူးပေါင်း၍ ပြုလုပ်သည့် Validation Meeting of Regulatory Management System ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ အီးအာရ်အိုင်အေမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံမှ ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး၊ စက်မှုဝန်ကြီး ဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊…

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံ-အီတလီ စီးပွားဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲသို့ တက်ရောက်ခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်သော အာဆီယံ-အီတလီ စီးပွားဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ Tools for Economic Cooperation: Public Private Partnership, Free Trade Agreements & Financial Innovation to Support Growth in ASEAN Countries အကြောင်းအရာများအား Speaker တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။