ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ကိုရီးယား သမ္မတနိုင်ငံ ၊ Presidential Committee on New Southern Policy ကိုယ်စားလှယ်အဖွဲတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊   ၂၀၁၉ ခုနှစ်  မေ  ၁၅ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီး သည် ၁၅-၅-၂၀၁၉ ရက်နေ့ နေ့လည် (၂:၃၀) နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ Presidential Committee on New Southern Policy (NSP) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. CHEON Young-Ghil ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (ရုံးအမှတ်-၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ New Southern Policy ၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် ကိုရီးယားနိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ဖြင့် မြန်မာ နိုင်ငံတွင် ဆောင်ရွက်နေသည့် စီမံချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ…