နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသို့ အီတလီနိုင်ငံ AICS အဖွဲ့မှ IT ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသို့ အီတလီနိုင်ငံ AICS အဖွဲ့မှ IT ဆက်စပ် ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး၊ အီတလီနိုင်ငံသံအမတ်ကြီး H.E. Alessandra Schiavo၊ အီတလီနိုင်ငံ AICS အဖွဲ့မှ Ms. Anna Dal Maso၊ KMD နှင့် NetSmart ကုမ္ပဏီတာဝန်ခံများ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးနှင့် အီတလီနိုင်ငံသံအမတ်ကြီး H.E. Alessandra Schiavo…