နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၉ ခုနှစ်  ဧပြီ ၂၉ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်သည် ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Yang Dong Woo ကို နေပြည်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ရုံးအမှတ်-၁)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။