စတုတ္ထအကြိမ် My Governance စီမံချက် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

အီးယူ၏ အထောက်အပံ့ဖြင့် GOPA Worldwide Consultant အဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Institutional Strengthening and Policy Dialogue Support(My Governance)စီမံချက်၏ စတုတ္ထအကြိမ် စီမံချက်ဦးဆောင်ကော်မတီအစည်း အဝေးကို ယနေ့ ၁၃း၃၀ နာရီမှ ၁၆း၀၀ နာရီအထိ နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို My Governance စီမံချက် ဦးဆောင်ကော်မတီ၏ ပူးတွဲဥက္ကဋ္ဌများဖြစ် ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရုံးမှ Deputy Head of Cooperation ဖြစ်သူ Mr. Pedro Campo Llopis တို့က ဦးဆောင်ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနများမှ…