နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၉ ခုနှစ်  ဧပြီ ၂၉ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်သည် ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Yang Dong Woo ကို နေပြည်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ရုံးအမှတ်-၁)၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

စတုတ္ထအကြိမ် My Governance စီမံချက် ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

အီးယူ၏ အထောက်အပံ့ဖြင့် GOPA Worldwide Consultant အဖွဲ့က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Institutional Strengthening and Policy Dialogue Support(My Governance)စီမံချက်၏ စတုတ္ထအကြိမ် စီမံချက်ဦးဆောင်ကော်မတီအစည်း အဝေးကို ယနေ့ ၁၃း၃၀ နာရီမှ ၁၆း၀၀ နာရီအထိ နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို My Governance စီမံချက် ဦးဆောင်ကော်မတီ၏ ပူးတွဲဥက္ကဋ္ဌများဖြစ် ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရုံးမှ Deputy Head of Cooperation ဖြစ်သူ Mr. Pedro Campo Llopis တို့က ဦးဆောင်ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနများမှ…

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဂျပန်နိုင်ငံမှ ယန်း သန်း ၃၂၀၀ ကျော် အကူအညီပေးမည့် စာချွန်လွှာ (၂) စောင် လက်မှတ်ရေးထိုး

နေပြည်တော် ဧပြီလ ၁၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ (၂) စောင် လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro MARUYAMA နှင့် ဂျပန်သံရုံးမှ…

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က JBIC မှ DG ဖြစ်သူ Mr. Fumio Suzuki ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်အား ဂျပန်နိုင်ငံ၊ Japan Bank for International Cooperation (JBIC), New Energy and Power Finance Department II မှ Director General ဖြစ်သူ Mr. Fumio Suzuki ဦးဆောင်သော အဖွဲ့မှ Project Promoting Vehicle (PPV) တည်ထောင်ရန်အတွက် ရုံးခန်းဖွင့်လှစ်နိုင်ရေးနှင့် နှစ်ဖက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ၈-၄-၂၀၁၉ ရက်၊ (၁၆း၀၀) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ နေပြည်တော်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၈

ကိုရီးယားသမ္မတနိုင်ငံ၊ Korea EXIM Bankနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့အကြား EDCF Meeting ကျင်းပ

နေပြည်တော်၊ ဧပြီ  ၁ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea EXIM Bank မှ Directorဖြစ်သူMr. Kim, Yu-Shinတို့ ဦးဆောင်၍ Korea EXIM Bank နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့အကြား EDCF Meeting ကို၁-၄-၂၀၁၉ ရက်၊ နံနက် ၁၀: ၀၀ နာရီမှ ၁၂: ၀၀ နာရီထိရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ EDCF Meeting တွင် ၂၀၁၈- ၂၀၂၂ ခုနှစ်အတွက် Economic Development Cooperation Fund-EDCF ချေးငွေအမေရိကန်ဒေါ်လာသန်း (၁၀၀၀) ပေးအပ်ရေးဆိုင်ရာ မူဘောင်အစီအစဉ်နှင့် ၎င်းမူဘောင်အစီအစဉ်အောက်မှ…

အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၂/၅၀) ကြိမ်မြောက် အစည်းအဝေး

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၂/၅၀) ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို Lao Plaza ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် အဖွဲ့ဝင်တစ်ဦး တက်ရောက်ပါသည်။ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ (၂/၅၀) ကြိမ်မြောက် အစည်းအဝေးကို ၄-၄-၂၀၁၉ ရက်နေ့နှင့် ၅-၄-၂၀၁၉ ရက်နေ့တို့တွင် ကျင်းပပြီး အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ကနေဒါနိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများနှင့် ညှိနှိုင်းအစည်းအဝေးများကို ၆-၄-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့အထိ ကျင်းပပါသည်။ အစည်းအဝေးများတွင် ထိုင်းနိုင်ငံ အာဆီယံအလှည့်ကျ…