ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် လဲလှယ်ပွဲအခမ်းအနား

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ ယူရို ၂၂၁ သန်းဖြင့် ဆောင်ရွက်မည့် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေး စီမံချက်နှင့်စပ်လျဉ်း သည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် (Financing Agreement for Enhancing the Education and Skills base in Myanmar) လဲလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊…