(၃၅)ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (35th HLTF -EI) အစည်းအဝေး

(၃၅) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (35th HLTF -EI) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ် ဆောင်ရွက်ရ မည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်းများအပေါ် သုံးသပ်ခြင်း၊…