မြန်မာ- ထိုင်း (၃) နှစ်တာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၁၉-၂၀၂၁)မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁။      ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးဒေါ်မို့မို့နိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) မှဒုတိယညွှန်ကြားရေးမှူးချုပ် Mr. BanchongAmornchewin တို့က ဦးဆောင်၍ မြန်မာ- ထိုင်း ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၃ နှစ် အစီအစဉ်(၂၀၁၉-၂၀၂၁)မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို နေပြည်တော်ရှိM Gallery ဟိုတယ်၌၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။       ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးနှင့် ငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုအသိုင်းအဝန်းတိုးတက်ရေးကဏ္ဍစသည့် ကဏ္ဍ(၅) ခုနှင့်စပ်လျဉ်း၍ အစီအစဉ်များ၊ ရည်ရွယ်ချက်များ၊ နည်းဗျူဟာများ၊ အကောင်အထည် ဖော်မည့် စီမံကိန်းများနှင့်လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းဆောင်ရွက်မည့်ဒေသများနှင့် ရရှိမည့် အကျိုးကျေးဇူးများကိုနှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ၃။      (၃)…