ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် လဲလှယ်ပွဲအခမ်းအနား

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ ယူရို ၂၂၁ သန်းဖြင့် ဆောင်ရွက်မည့် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေး စီမံချက်နှင့်စပ်လျဉ်း သည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် (Financing Agreement for Enhancing the Education and Skills base in Myanmar) လဲလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊…

(၃၅)ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (35th HLTF -EI) အစည်းအဝေး

(၃၅) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (35th HLTF -EI) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံ (၁၀) နိုင်ငံမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ် ဆောင်ရွက်ရ မည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်းများအပေါ် သုံးသပ်ခြင်း၊…

မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများလွယ်ကူချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency – CIDCA) တို့ ဦးဆောင်၍  မြန်မာနိုင်ငံတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများလွယ်ကူ ချောမွေ့ စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၁၄-၃-၂၀၁၉ ရက်နေ့၊ နေ့လယ် ၃ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌  ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊   ဆောက်လုပ် ရေးဝန်ကြီးဌာန၊ …

Socialization Meeting of Regulatory Management System ကို ကျင်းပ

အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသန(အီးအာရ်အိုင်အေ)နှင့်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ပြုလုပ်သည့် Socialization Meeting of Regulatory Management System ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် နေပြည်တော် ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အီးအာရ်အိုင်အေမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံမှ သုတေသန ပညာရှင်များ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၃၀…

တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စု (ငွေလုံး/ငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန (နေပြည်တော်) တွင် တိုးချဲ့သုံးထပ် အဆောက်အအုံ (သံကူကွန်ကရစ်တစ်လုံး) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် KOICA မှ WFK Program Manager ဖြစ်သူ Ms. Lee Ji Sun တို့ တွေ့ဆုံဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ World Friend Korea Volunteers (WFK Volunteers) ၏ Program Manager ဖြစ်သူMs. Lee Ji Sun တို့သည် ၇-၃-၂၀၁၉ ရက်၊ နေ့လည် ၂ : ၀၀နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် KOICA အနေဖြင့် ၁၉၉၈ ခုနှစ်မှ စတင်၍ ဝန်ကြီးဌာနများ၏ သက်ဆိုင်ရာ နယ်ပယ်များအလိုက် စေလွှတ်လျက်ရှိသော WFK Volunteer Program အစီအစဉ်နှင့် မြန်မာနိုင်ငံတွင် အနာဂတ် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။…

မြန်မာ- ထိုင်း (၃) နှစ်တာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၁၉-၂၀၂၁)မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁။      ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန မှ ညွှန်ကြားရေးမှူးဒေါ်မို့မို့နိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) မှဒုတိယညွှန်ကြားရေးမှူးချုပ် Mr. BanchongAmornchewin တို့က ဦးဆောင်၍ မြန်မာ- ထိုင်း ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၃ နှစ် အစီအစဉ်(၂၀၁၉-၂၀၂၁)မူကြမ်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို နေပြည်တော်ရှိM Gallery ဟိုတယ်၌၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။       ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးနှင့် ငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုအသိုင်းအဝန်းတိုးတက်ရေးကဏ္ဍစသည့် ကဏ္ဍ(၅) ခုနှင့်စပ်လျဉ်း၍ အစီအစဉ်များ၊ ရည်ရွယ်ချက်များ၊ နည်းဗျူဟာများ၊ အကောင်အထည် ဖော်မည့် စီမံကိန်းများနှင့်လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းဆောင်ရွက်မည့်ဒေသများနှင့် ရရှိမည့် အကျိုးကျေးဇူးများကိုနှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ၃။      (၃)…