နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် KOICA မှ Senior Deputy Representative ဖြစ်သူ Mr. KIM Jihoon တို့ တွေ့ဆုံဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Senior Deputy Representative ဖြစ်သူ Mr. KIM Jihoonတို့သည် ၂၂-၂-၂၀၁၉ ရက်၊ နေ့လည် ၁ : ၁၅ နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ၂၀၂၀ ခုနှစ်အတွင်းသက်ဆိုင်ရာဝန်ကြီးဌာနများမှ KOICA အကူ အညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့် ၂၀၂၀ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပမည့် Global Fellowship Program (GFP) များသို့ မြန်မာကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉