ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နှင့် FAO တို့ ပူးပေါင်းဆောင်ရွက်မည့် လက်မှတ်ရေးထိုးပွဲ

နေပြည်တော် ဖေဖော်ဝါရီလ(၁၉)ရက်။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာအစီအစဉ်မူဘောင် (Country Programming Framework-CPF) လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၁၉-၂-၂၀၁၉ ရက် (အင်္ဂါနေ့) တွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ နိုင်ငံဆိုင်ရာအစီအစဉ်မူဘောင်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် မြန်မာနိုင်ငံဆိုင်ရာ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့က စီမံကိန်းနှင်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် FAO လက်ထောက်ညွှန်ကြားရေးမှူးချုပ် နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ…