၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက် ,နေပြည်တော်
ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) လုပ်ငန်းအဆင့် အစည်းအဝေး (၉/၂၀၁၉) ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) အမှုဆောင်ဒါရိုက်တာ ဦးမင်းရဲပိုင်ဟိန်းနှင့် နည်းပညာအကြံပေးအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စား လှယ်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအကူအညီအထောက်အပံ့နှင့် ချေးငွေ ရယူရေးဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။