ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည် ၁:၀၀ နာရီတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဗရတ်ဆင်း၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) အမှုဆောင် ဒါရိုက်တာ ဦးမင်းရဲပိုင်ဟိန်းနှင့် နည်းပညာ အကြံပေး အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဥရောပ သမဂ္ဂ(EU)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ဆောင်ရွက်မည့် မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အပိုင်း(၂) (MCCA – Phase 2) စီမံကိန်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ Economic Development Cooperation Fund- EDCF ချေးငွေ ရယူရေးကိစ္စများ နှင့် စပ်လျဉ်း၍ ညှိနှို်ငးဆွေးနွေးခဲ့ကြသည်။