၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် ၊ နေပြည်တော်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ Australian Aid နှင့် အာဆီယံ နှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia- ERIA) တို့ပူးပေါင်း၍ COVID-19 ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တုံ့ပြန်နိုင်ရေးအတွက် မူဝါဒရေးရာ၊ ကုန်သွယ်ရေးနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့ နှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် Video Conferencing စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် သည်။
အလုပ်ရုံဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ် (၃၀) ဦးတို့က သက်ဆိုင်ရာရုံးဌာန တည်ရှိရာနေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။
ဆွေးနွေးပွဲ၌ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Ms. Vanessa Hegarty တို့က အမှာစကားပြောကြားသည်။ ERIA မှ Mr. Jeremy Gross, Director of Capacity Building က moderator အဖြစ် ဆောင်ရွက်၍ Institute for International Trade, University of Adelaide မှ Prof. Shandre Mugan Thangavelu က Lead Facilitator အဖြစ် ဦးဆောင်ဆွေးနွေးသည်။